How to pass the AWS Solution Architect Exam in Burmese Language – PART-1?

အားလုံး မင်္ဂလာပါခဗျာ…
ကျွန်တော် ဒီနေ့ မျှဝေပေးသွားချင်တဲ့အကြောင်းအရာလေးကတော့ AWS ရဲ့ Solution Architect Associate Exam နဲ့ပတ်သတ်ပြီး ဘယ်လိုမျိုး လေ့လာလို့ရမလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ပထမဦးစွာ ဘယ်လိုမျိုးလူတွေဖြေသင့်လဲဆိုတော့
၁။ AWS …


This content originally appeared on DEV Community and was authored by KaungThant Lwin

အားလုံး မင်္ဂလာပါခဗျာ...
ကျွန်တော် ဒီနေ့ မျှဝေပေးသွားချင်တဲ့အကြောင်းအရာလေးကတော့ AWS ရဲ့ Solution Architect Associate Exam နဲ့ပတ်သတ်ပြီး ဘယ်လိုမျိုး လေ့လာလို့ရမလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ပထမဦးစွာ ဘယ်လိုမျိုးလူတွေဖြေသင့်လဲဆိုတော့
၁။ AWS Services တွေကိုနဲ့ပတ်သတ်ပြီး လက်တွေ့ ထိတွေ့မှုရှိတဲ့သူတွေအနေနဲ့ ဖြေလို့ရနိုင်ပါတယ်။
၂။ AWS Technology တွေကိုအသုံးချပြီး လိုအပ်တဲ့ solution ကို ပေးနိုင်တဲ့ အရည်အချင်းရှိတဲ့သူမျိုးတွေ ဖြေလို့ရနိုင်ပါတယ်။
၃။ AWS ရဲ့ Well-Architect Framework ကိုကောင်းကောင်းနားလည်ပြီး Solution ပေးနိုင်ရင် ဖြေလို့ရပါတယ်။
၄။ AWS ရဲ့ Global Infrastructure အကြောင်းကိုလည်း နားလည်ထားဖို့လိုပါတယ်။
၅။ AWS ရဲ့ Security Services တွေရဲ့ အခြေခံအကြောင်းအရာတွေ နဲ့ AWS ရဲ့ Traditional Services(Core Services) တွေနဲ့ ဆက်စပ်မှုတွေကို နားလည်ထားရင် ဖြေလို့ရနိုင်ပါတယ်။

အောက်ပါ အချက်အလက်တွေကတော့ လက်ရှိ exam မှာ မပါဝင်တဲ့အချက်အလက်တွေဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့
၁။ ရှူပ်ထွေးတဲ့ network architecture တွေကို ဒီဇိုင်းလုပ်ဖို့မလိုပါဘူး
၂။ အကောင့်များစွာကို စီမန့်ခန့်ခွဲရတဲ့အကြောင်းအရာတွေ မပါဝင်ပါဘူး
၃။ လိုအပ်တဲ့ compliance နဲ့ ကိုက်ညီဖို့ လိုအပ်တဲ့ ဒီဇိုင်းတွေ လုပ်ဖို့ မလို်အပ်ပါဘူး
၄။ Deployment strategies တွေကိုလည်း လုပ်ဆောင်ဖို့ မလိုအပ်ပါဘူး
၅။ ရှူပ်ထွေးလှတဲ့ mutli-tier applications တွေအတွက်လည်း migration strategy တွေဖန်တီးဖိ်ု့ မလိုအပ်ပါဘူ:။

ကဲ ဒီတော့ အပေါ်မှာတော့ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေနဲ့ မလိုအပ်သေးတဲ့ အကြောင်းအရာတွေတော့ ပြောထားပြီးပါပြီ.. ဒီတော့ စာမေးပွဲပုံစံကိုပြောဖို့လိုအပ်လာပါပြီ.

စာမေးပွဲကတော့ အားလုံးလည်းသိထားပြီးမယ်ထင်ပါတယ် မေးခွန်းပုံစံနှစ်ခုရှိပါတယ်။

၁။ Multiple Choice (အဖြေမှန်တခုရွေးပြီး ကျန်တဲ့ သုံးခု သို့မဟုတ် လေးခုက အမှားပေါ့)
၂။ Multiple Response (အဖြေမှန် နှစ်ခု သို့မဟုတ် နှစ်ခုမက ရွေးပြီး ကျန်တာအမှားပေါ့)

ဒီလိုမျိုး မေးခွန်း ပေါင်း ၆၅ ခု ပါဝင်ပါတယ်။ ၆၅ ခုမှာ မေးခွန်း အခု ၅၀ ကသာ ဖြေဆိုသူတွေရဲ့ အရည်အချင်းကို အကဲဖြတ်အမှတ်ပေးမှာဖြစ်ပြီး ကျန်တဲ့ ၁၅ ခုကတော့ မိတ်ဆွေတို့ရဲ့ အမှတ်မှာ အကျူံးဝင်မှာ မဟုတ်ပါဘူး၊ နောက်စာမေးပွဲတွေမှာ မေးသင့်မမေးသင့်ဆုံးဖြတ်ဖို့ပဲထည့်သွင်းထားတာမျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မေးခွန်း ၆၅ ပုဒ်စလုံးကိုတော့ တတ်နိုင်သမျှ မှန်ကန်အောင် ဖြေဖို့လိုပါလိမ့်မယ်ခဗျာ မိတ်ဆွေတို့အနေနဲ့ အမှတ်ယူ၊ မယူမသိနိုင်လို့ပါခဗျာ။ မဖြေခဲ့တဲ့ မေးခွန်းတွေအတွက်တော့ အမှားဖြစ်မှာပါ။

မေးခွန်းတွေကို အပိုင်း(၄) ခုနဲ့ ခွဲခြားထားပါတယ်။

Image description

အပိုင်း(၁)ကတော့ ကျွန်တော်တို့ အနေနဲ့ ၃၀% ထိမေးတဲ့ Resilient Architecture နဲ့ ပတ်သတ်ပြီး အောက်ပါအချက်အလက်တွေကို နားလည်ထားဖို့လိုအပ်ပါတယ် လေ့လာထားဖို့လို်အပ်ပါတယ်။

Multi-tier architecture solution နဲ့ပတ်သတ်ပြီး သိသင့်သိထိုက်တဲ့ AWS Services တွေ ပါဝင်တဲ့ Services တွေရဲ့ scaling ပိုင်းဆိုင်ရာတွေကို သိဖို့လိုပါတယ်။ နောက်ပြီးဘယ်လိုမျိုး Database အမျိုးအစားကို သုံးမလဲ ဘယ်လိုမျိုး compute instance types တွေကိုသုံးမလဲ ဆိုတာမျိုးတွေကို requirements ပေါ်မူတည်ပြီးရွေးချယ်ပေးဖိ်ု့ လိုအပ်ပါတယ်။

High Available ဖြစ်ဖို့ fault-tolerant ဖြစ်ဖို့ ဘာတွေလုပ်ဖို့လိုလဲ ဘယ်လ်ိုမျိုး AWS Services တွေကိုသုံးပြီး လုပ်လို့ရမလဲ? Sinle points of failuer ဖြစ်လာတဲ့အခါ ဘယ်လိုမျိုး HA ဖြစ်အောင် လုပ်ထားမလဲ ဆိုတာမျိုးတွေ နောက်ပြီး Disaster တခုဖြစ်လာခဲ့ရင်ရော ဘယ်လိုမျိုးတွေ လုပ်မလဲဆိုတာမျိုးတွေ အစရှိသည်တို့ကိုနားလည်ထားဖို့လိုအပ်ပါတယ်။

Decoupling ဆိုတာဘာလဲ? ဘယ်လိုမျိုး AWS Services တွေက Decoupling ဖြစ်ဖို့ ကူညီပေးနိုင်မလဲဆိုတာမျိုးတွေ နောက်ပြီး Serverless technology နဲ့ပတ်သတ်တဲ့ သိသင့်သိထိုက်တဲ့ အခြေခံသဘောတရားတွေကို နားလည်ထားဖို့လိုပါတယ်။

နောက်တခုကတော့ Resilient storage နဲ့ပတ်သတ်ပြီး data တွေကိုဘယ်လိုမျိုး သိမ်းဆည်းမလဲ ဘယ် services တွေကတော့ hybrid cloud environment တွေမှာသုံးလို့ရမလဲဆိုတာမျိုးတွေ ကို သိထားရပါမယ်။ appliciton ရဲ့ requirements ပေါ်မူတည်ပြီး ဘယ်လိုမျိုး data နဲ့ပတ်သတ်တဲ့ services တွေသုံးလို့ရမလဲဆိုတာမျိုးတွေ နားလည်နေရပါမယ်။

အပိုင်း(၂) ကတော့ ၂၈% ထိမေးတဲ့ High Performance Architectures နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေဖြစ်ပါတယ်။

လိုအပ်တဲ့ လိုအပ်ချက်တွေအရ ဘယ်လိုမျိုး compute power ကိုသုံးမလဲ ဘယ်လိုမျိုး storage services တွေကိုသုံးမလဲ နောက်ပြီး လိုအပ်တဲ့ performance နဲ့ကိုက်ညီဖို့ ဘယ်လိုမျိုး scaling တွေလုပ်မလဲ ဘယ် services တွေက ဘယ်လို scaling တွေလုပ်လို့ရလဲဆိုတာမျိုးတွေ သိထားရပါမယ်။ နောက်ထပ်ကတော့ ဒီ performance တွေကို ဘယ်လို monitor လုပ်မလဲဆိုတာမျိုးတွေပေါ့ဗျာ။

network connections တွေနဲ့ပတ်သတ်ပြီးတော့လည်း ဘယ်လိုမျိုး AWS နဲ့ connectivity လုပ်လို့ရမလဲ low-latency ရဖို့ဘယ်လိုမျိုး ဆားဗစ်တွေသုံးမလဲဆိုတာမျိုးတွေ သိထားရပါမယ်။ နောက်ပြီး performance အတွက် မရှိမဖြစ်လိုအပ်တဲ့ caching services တွေကို နားလည်ထားရပါမယ်။ နောက်ပြီး migration တွေ ingestion တွေအတွက် သင့်တော်တဲ့ data transfer services တွေကိုသိဖိ့လုအပ်ပါတယ်။

database နဲ့ပတ်သတ်ပြီး ဘယဉ်လိုမျိုး scaling လုပ်လို့ရမလဲ ဘယ်လို sclaing options တွေရှိလဲဆိုတာမျိုး နောက်ပြီး database caching နဲ့ပတ်သတ်ပြီး ဘယ်လိုမျိုးလုပ်လို့ရနိုင်မလဲဆိုတာမျိုးတွေ performance အရလိုအပ်တဲ့ သင့်တော်တဲ့ database services တွေကိုလည်း နားလည်ထားဖို့လိုပါတယ်။

အပိုင်း(၃) ကတော့ ၂၄% ထိမေးတဲ့ Secure Applications and Architectures ဆိုတဲ့အပိုင်းပါ။

ကျွန်တော်တို့အနေနဲ့ IAM ဆိုတာ ဘာလဲ? IAM Users, IAM Roles, IAM Groups ဘယ်လိုအလုပ်လုပ်လဲ ဘယ်လိုအချိန်မျိုးမှာ ဘယ်လိုသုံးလို့ရလဲ ဆိုတာမျိုးတွေ သိဖို့လိုတယ်။ နောက်ပြီး Access policy တွေနဲ့ ပတ်သတ်ပြီး နားလည်ထားရပါတယ် နောက်ပြီး root account ဆိုတာ ဘာလဲ IAM နဲ့ဘာကွာလဲ root account ကိုဘယ်လို လုံခြုံအောင်ထားမလဲဆိုတာမျိုးတွေ နားလည်ဖို့လိုပါတယ်။ နောက်ပြီးတော့ Credentials တွေကို ဘယ်လိုလုံခြုံအောင်လုပ်မလဲဆိုတာမျိုးတွေက အစပေါ့။ နောက်ပြီး ကျွန်တော်တို့ရဲ့ AWS resouces တွေကိုဘယ်လို trace လုပ်လို့ရလဲ? ဘယ်လိုမျိုး နည်းလမ်းတွေနဲ့ AWS APIs တွေကို လုံခြုံအောင် access လုပ်ကြမလဲ ဆိုတာမျိုးတွေ သိထားရပါမယ်။

နောက် တခုကတော့ ကျွန်တော်တို့ Applicaitons tiers တွေနဲ့ပတ်သတ်ပြီး ဘယ်လို လုံခြုံအောင် လုပ်မလဲဆိုတာတွေပါပဲ။ ဥပမာ- traffic တွေကိုဘယ်လို control လုပ်မလဲ? Security groups ကိုသုံးမလာ:? network ACLs တွေကိုသုံးမလား သူတို့တွေက ဘယ်လိုအလုပ်လုပ်တာလဲ ဘာတွေကွဲပြားသလဲဆိုတာမျိုးတွေပေါ့ဗျာ.. private subnets နဲ့ public subnets ကရော ဘာတွေလဲ ဘယ်ချိန်မှာ ဘယ်လိုသုံးမလဲဆိုတာမျိုးတွေပေါ့။ Amazon VPC ကိုရော ဘယ်လိ်ုမျိုး လုံခြုံအောင်ထားမလဲ access points တွေကိုရော ဘယ်လိုမျိုး လုံလုံခြုံခြုံ route လုပ်ကြမလဲဆိုတာမျိုးတွေ နားလည်ထားဖို့လိုပါတယ်။ နောက်ထပ်ကတော့ ပြင်ပက ဝင်ရောက်လာနိုင်တဲ့ threats တွေကိုရော ကာကွယ်နိုင်ဖို့ AWS ရဲ့ ဘယ် services တွေကို သုံးလို့ရလဲဆိုတာမျိုးတွေကို သိထားရပါမယ်။

နောက်တခုကတော့ Data Security နဲ့ပတ်သတ်ပြီး objects တွေကိုဘယ်လိုမျိုး access policies တွေထားမလဲ? ဘယ်လိုမျိုး access patterns တွေထားမလဲ နောက်ပြီး data ကို at rest မှာ encrypt မလား in transit မှာ encrypt မှာလား ဆိုတာမျိုးတွေ နောက်ပြီး key တွေကို ဘယ်လိုမျိုး manage လုပ်မလဲဆိုတာမျိုးတွေကို လိုအပ်ချက်တွေပေါ် မှာ ဆုံးဖြတ်နိုင်ဖို့ အကောင်းဆုံး သော solution ကိုပေးနိုင်ဖို့ လိုအပ်ပါတယ်။

အပိုင်း(၄) အနေနဲ့ကတော့ ၁၈% မေးတဲ့ Cost Optimization နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ စျေးသက်သာတဲ့ Storage solution တွေကိုနားလည်ထားဖို့လိုပါတယ်။ data တွေကို ဘယ်လိုမျိုး storage services မှာ သိမ်းပြီး သုံးမှာလဲ? ဘယ်လိုမျိုးဆို စျေးသက်သာမလဲဆိုတာမျိုးပေါ့ဗျာ နောက်တခုကတော့ စျေးသက်သာဖို့ အသုံးမများတဲ့ data တွေကို ဘယ်လိုမျိုး automate လုပ်ပြီး စျေးသက်သာတဲ့ services ဆီပြောင်းမလဲဆိုတာမျိုးတွေပေါ့။

နောက်တခုကတော့ အရေးကြီးတဲ့ EC2 service နဲ့ပတ်သတ်ပြီး ကျွန်တော်တို့ က ဘယ်လိုမျိုး Billing options တွေရှိလဲ? နောက်ပြီး Database မှာဆိုလဲ ဘယ်လို options တွေရှိလဲ? cost သက်သာဖို့ ဘယ်လိုမျိုး scaling options တွေလုပ်ထားလို့ရမလဲ (ဥပမာ schedule လုပ်ထားတာမျိုး) နောက်ပြီး ကျွန်တော်တို့ ရဲ့ workload နဲကိုက်ညီတဲ့ instance type, instance size ကိုသုံးပေးတာမျိုးတွေပေါ့ဗျာ

နောက်တခုကတော့ ကျွန်တော်တို့ network တွေမှာရှိတဲ့ data transfer cost တွေကို ဘယ်လိုလျော့ချမလဲ? နောက်ပြီး ဘယ်လိုမျိုး AWS နဲ့ ကျွန်တော်တို့ local data centers တွေကြားမှာရှိတဲ့ connectivity cost တွေကို လျော့ချလို့ရမလဲ ဘယ်လိုမျိုးသက်သာအောင် လုပ်လို့ရမလဲဆိုတာမျိုးတွေကို နားလည်ထားဖို့လိုပါတယ်။

ဒီအပိုင်းမှာတော့ ကျွန်တော့်အနေနဲ့ AWS Solution Architect Associate exam မှာပါတဲ့ မေးခွန်းပုံစံတွေနဲ့ သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို ဦးစွာမျှဝေထားတာဖြစ်ပါတယ် နောက်အပိုင်းတွေမှာတော့ ဘယ်လိုမျိုး Services တွေကို ကြည့်ထားရမလဲ ဘယ်လိုမျိုး Study Resources တွေကို အသုံးပြုပြီး လေ့လာရမလဲဆိုတာမျိုးတွေကို ထပ်မံမျှဝေပေးသွားမှာဖြစ်ပါတယ်။

လေးစားစွာဖြင့်
Kaung Thant Lwin
DevKTOps
AWS Community Builder for Myanmar

ref: https://d1.awsstatic.com/training-and-certification/docs-sa-assoc/AWS-Certified-Solutions-Architect-Associate_Exam-Guide.pdf


This content originally appeared on DEV Community and was authored by KaungThant Lwin


Print Share Comment Cite Upload Translate Updates
APA

KaungThant Lwin | Sciencx (2022-07-17T20:06:12+00:00) How to pass the AWS Solution Architect Exam in Burmese Language – PART-1?. Retrieved from https://www.scien.cx/2022/07/17/how-to-pass-the-aws-solution-architect-exam-in-burmese-language-part-1/

MLA
" » How to pass the AWS Solution Architect Exam in Burmese Language – PART-1?." KaungThant Lwin | Sciencx - Sunday July 17, 2022, https://www.scien.cx/2022/07/17/how-to-pass-the-aws-solution-architect-exam-in-burmese-language-part-1/
HARVARD
KaungThant Lwin | Sciencx Sunday July 17, 2022 » How to pass the AWS Solution Architect Exam in Burmese Language – PART-1?., viewed ,<https://www.scien.cx/2022/07/17/how-to-pass-the-aws-solution-architect-exam-in-burmese-language-part-1/>
VANCOUVER
KaungThant Lwin | Sciencx - » How to pass the AWS Solution Architect Exam in Burmese Language – PART-1?. [Internet]. [Accessed ]. Available from: https://www.scien.cx/2022/07/17/how-to-pass-the-aws-solution-architect-exam-in-burmese-language-part-1/
CHICAGO
" » How to pass the AWS Solution Architect Exam in Burmese Language – PART-1?." KaungThant Lwin | Sciencx - Accessed . https://www.scien.cx/2022/07/17/how-to-pass-the-aws-solution-architect-exam-in-burmese-language-part-1/
IEEE
" » How to pass the AWS Solution Architect Exam in Burmese Language – PART-1?." KaungThant Lwin | Sciencx [Online]. Available: https://www.scien.cx/2022/07/17/how-to-pass-the-aws-solution-architect-exam-in-burmese-language-part-1/. [Accessed: ]
rf:citation
» How to pass the AWS Solution Architect Exam in Burmese Language – PART-1? | KaungThant Lwin | Sciencx | https://www.scien.cx/2022/07/17/how-to-pass-the-aws-solution-architect-exam-in-burmese-language-part-1/ |

Please log in to upload a file.




There are no updates yet.
Click the Upload button above to add an update.

You must be logged in to translate posts. Please log in or register.